ရက်စွဲ - ၁ ဇွန် ၂၀၂၄
ဤ လက်စွဲသည် QGIS အဖွဲ့အစည်းမှ GitHub တွင် တရားဝင်တင်ထားသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် "QGIS User Manual - အသုံးပြုသူ လက်စွဲ" ၏ မူရင်း ReStructuredText (rst) file များကို CDE Myanmar ၏အကူအညီအထောက်အပံ့ဖြင့် ဘာသာပြန်ဆိုကာ html စာမျက်နှာများအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
QGIS3.28 Manual Myanmar Version ဟုအမည်ပေးထားသော်လည်း ပါဝင်သော အကြောင်းအရာများမှာ 3.28 ထက်ကျော်လွန်သည့် ဗားရှင်းဖြစ်သည်။ မြန်မာဘာသာသို့ပြန်ဆိုရန် GitHub မှ rst ဖိုင်များကို ရယူချိန်သည် QGIS 3.28 ထွက်ချိန်ထက် အတော်နောက်ကျနေပြီဖြစ်သည့်အတွက် 3.28 version ထက်နောက်ကျသော version ဟုဆိုနိုင်ပါသည် ။ သို့သော်လည်း ထို rst ဖိုင်များကို မိတ္တူယူပြီးနောက်ပိုင်း မူလ repository တွင် ဝင်ရောက်နေသော ဖြည့်စွက်ချက်အသစ်များ နှင့် ပြင်ဆင်ချက်အသစ်များ မပါနိင်တော့သည့်အတွက် 3.34 version ဟုလည်းမသတ်မှတ်ဘဲ လွယ်ကူစေရန် 3.28 version အဖြစ်သာ အမည်ပေးထားပါသည်။
ဤ လက်စွဲကို webpage အဖြစ် ထုတ်လွှင့်ထားပါသည်
- https://www.seepuuyar.com/qgis328_manual_mm/docs/ နှင့်
- https://seepuuyar.github.io/QGIS328-Manual-MM/docs/ နေရာများတွင်ဖတ်ရှုနိုင်ပါသည်။
Desktop တွင် offline version အဖြစ်သုံးလိုပါက ယခုစာမျက်နာအပေါ်ဖက်ရှိ '< > Code' dropdown အောက်တွင် zip ဖြင့်ရယူနိုင်ပါသည်။မိမိစက်ထဲတွင် zip ဖြည်ပြီးနောက် docs folder အောက်ရှိ index.html ကိုနှိပ်ပြီးစတင်ဖတ်ရှုနိုင်ပါသည်။
ဤ လက်စွဲကို QGIS Desktop Application တွင်လည်းချိတ်ဆက်အသုံးပြုနိုင်ပါသည်။ QGIS Dialog box တစ်ခုခု ၏ Help button ကို နှိပ်လိုက်ချိန်တွင် သက်ဆိုင်ရာ စာမျက်နှာကို ဖော်ပြပေးနိုင်ပါသည်။
(၁) Setting menu > (၂) option ကိုဖွင့်ပါ။ (၃) System tab ကိုနှိပ်ပါ
(၄) Documentation Paths တွင် + နှိပ်ပြီး အသစ်ထဲ့ပါမည်
(၅) ဝင်လာသော HELP_LOCATION စာသားကို click/double click နှိပ်ပါ
(၆) ဤ မှတမ်းရှိရာ ဝက်လင့်များ ကိုထည့်ပါ
- https://www.seepuuyar.com/qgis328_manual_mm/docs/user_manual ကို ကော်ပီယူပြီး ထည့်ပါ
- https://seepuuyar.github.io/QGIS328-Manual-MM/docs/user_manual ကို ကော်ပီယူပြီး ထည့်ပါ (တစ်ခုမရ လျင် တစ်ခုရနိုင် စေရန်ဖြစ်ပါသည်)
(၇) path ကိုထိပ်ဆုံးတင်ရန် up key ဖြင့်ရွှေ့ပါ
(၈) Toolbaox တစ်ခုကိုဖွင့်ပြီး help ကိုနှိပ်ကြည့်ပါ။ ထိုအခါ မြန်မာ user manual သည် ထို toolbox နှင့်ဆိုင်သော စာမျက်နှာကိုပြပေးမည်ဖြစ်ပါသည်
အောက်တွင် နမူနာ toolbox တစ်ခုကိုဖွင့်ပြီးစမ်းပြထားပါသည်
Help button ကိုနှိပ်လိုက်ချိန်တွင် မြန်မာ user manual ပွင့်လာပုံ
ဤနည်းပညာ လက်စွဲ ကိုဘာသာပြန်ရာ တွင် အခက်အခဲများမှာ အဓိကအားဖြင့် မြန်မာဘာသာဖြင့် နည်းပညာဆိုင်ရာ စကားလုံးများ ရှားပါးသည့်အတွက် မကြာခဏ ရှည်လျားစွာဘာသာပြန်ရခြင်းဖြစ်သည်။ ဘာသာပြန်အဖွဲ့များ၏ နည်းပညာဆိုင်ရာ နားလည်မှု အတိမ်အနက်အပေါ်မူတည်၍လည်း ဘာသာပြန်အရည်အသွေး ကွာခြားမှုရှိသည်။ ကြီးကြပ်သူမှ အတတ်နိုင်ဆုံး ဘာသာပြန်စကားစုများကို တစ်ပြေးညီဖြစ်အောင်ပြန်လည်ညှိခြင်းမျိုး လုပ်ဆောင်ခဲ့သော်လည်း သတိမထားမိလိုက်သည့် အမှားများလည်းပါရှိနိုင်ပါသည်။
မှားယွင်းသော ဘာသာပြန်ဆိုမှုများ၊ နှင့် ပိုမိုကောင်းမွန်သော အကြံပြုဘာသာပြန်ဆိုမှုများကို ဤ GitHub repository ၏ Issues အောက်တွင် ရေးသားအသိပေးနိုင်ပါသည်။
အမှားအယွင်းတွေ့သော/ပြင်ဆင်ရန်လိုသော စာသားရှိရာ section လင့်ကို Issue description တွင်တိုက်ရိုက်ဖော်ပြ ပေးပြီး တွေ့ရှိချက် အကြံပြုချက်များကို ဆက်လက်ရေးသားပေးပါ။ Admin များက ထိုထည့်ပေးသည့်လင့်မှတဆင့် သက်ဆိုင်ရာ section ကိုအလွယ်တကူ သွားရောက်ကြည့်ရှုစစ်ဆေးပြင်ဆင်နိုင်ပါမည်။
(၁) SeePuuYar/QGIS328-Manual-MM repository ထဲရှိ အပေါ်ဘက် ရွေးချယ်စရာများထဲမှ Issues ကိုနှိပ်ပါ။
(၂) New Issue ကိုနှိပ်ပါ။
(၃) ပြင်ဆင်ရန်အကြံပြုလိုသည့် အကြောင်းအရာခေါင်းစဉ်ကို Add a title တွင်ရေးသားပါ။ Add a description ထဲတွင် ပြင်ဆင်ရမည့်အကြောင်းအရာ၏ html လင့်ခ်၊ ပြင်ဆင်ရမည့် စာကြောင်း သို့မဟုတ် စာသား၊ သင်၏အကြံပြုချက် စာသားတို့ကို ရေးသားပါ။ Submit new issue ကိုနှိပ်ပါ။
(၄) ပေးပို့လာသော အကြုံပြုချက်သည် SeePuuYar GitHub ထဲတွင် ရောက်ရှိလာပြီဖြစ်ပါသည်။
(၅) ပေးပို့လာသောအကြံပြုချက်အား SeePuuYar ၏ Collaborator မှ ဖွင့်ဖတ်ကြည့်ပြီး သွားရောက်စစ်ဆေးပြင်ဆင်နိုင်မည်ဖြစ်ပါသည်။